မျှော်လင့်ခြင်း ကောင်းကင်

ကိုဦး

ဖြေဆေး

Published by မျှော်လင့်ခြင်း ကောင်းကင် under on 12:53

ခါးသက်တယ်ဆိုတာ …

ချိုမြိန်ခြင်း တစ်ခုရဲ့  လမ်းစလား ..

ရှုံးနိမ့်တယ်ဆိုတာကရော ..

အောင်မြင်ခြင်း တစ်ခုရဲ့  လမ်းစပဲလား ….

အမြဲတမ်း ရှုံးနိမ့်သူအတွက် ဆိုရင်ရော ..

ဘယ်လိုခေါ် မလည်း …

ရှုံးနိမ့်တိုင်းသာ အော်အော်ရီတက်ခဲ့ တဲ့ 

ငါကတော့ ..

အာခေါင်တွေတောင် ခမ်းခြောက်စ ဖြစ်နေပြီ ..

တော်သေးတာပေါ့ ကွာ …

ငါဖြေဆေးလေး ရှာတွေထားလို့  …

အိုမာခရမ်း ရဲ့ စကားလေးနဲ့ ..ငါဖြေဆေးကို ဖေါ်ဆက်ထားတယ်..

လောလောလတ်လတ် ..

ငါအတွက်တော့ အသက်ကယ်ဆေးပေါ့ …

ဒုက္ခကိုတစ်ခါကြုံတိုင်း ….

ချစ်သူလက်ကို တစ်ခါကိုင်ပါရစေ“

အိုမာခရမ်း

0 comments:

Post a Comment