မျှော်လင့်ခြင်း ကောင်းကင်

ကိုဦး

မျှောင့်လင့်ချက်မဲ့ တဲ့ ကောင်းကင်

Published by မျှော်လင့်ခြင်း ကောင်းကင် under on 05:51
ဘ၀ ဆိုတာ ဘာတွေ ဖြစ်တက်လည်း ...
တက်လည်း တက်နိုင်လွန်းတယ် ဗျာ ....
ရည်ရွယ်ထားတဲ့ အရာအားလုံးလည်း တကယ်တမ်းကြုံရတော့ စိတ်ကူးယဉ် သက်သက်များများပါပဲ ....
ဘာလုပ်ရမှန်းမသိတဲ့ အခြေနေတစ်ခုမှာ ဘာမှလုပ်ခွင့်မရတာကတော့ ဆိုးလွန်းတဲ့  အဖြစ်ပါပဲ ...
တောက် !!!  တစ်ချက်ခေါက် ...
တံတွေး ခါးခါးတွေကို မြိုချ .. သက်ပျင်းမောမော တွေနဲ့ အနာဂတ်ကို လှမ်းကြည့်လိုက်တော့ ....
ဝါးဝါးနဲ့  ..
ငါ ဘာလုပ်ရမလည်း ...
ငါ ဘာလုပ်ရမှာလည်း ....
ဘယ်တော့မှများ ဒီလို သက်ပျင်း ရှည်ကြီးတွေကနေ ရုံးထွက်နိုင်မလည်း မသိပါဘူး ဗျာ ...
စိတ်ချဉ်ကတော့ ပေါက်လာပြီး ...
လုပ်ချင်ရာကို လုပ်လိုက်ရလို့ ကတော့ ...
ဝူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


Money

Published by မျှော်လင့်ခြင်း ကောင်းကင် under on 21:12
တိတ်တဆိတ်ပါပဲ ..
ကွဲကြေနေတဲ့  ရင်ခွင်တစ်စုံမှာ ...
ဒဏ်ချက်တွေကတော့ မဆန့် နိုင်ပါပဲ ..

ဒူးထောင်ခယပြီး
အကြိမ်ကြိမ်ရှုံးနိမ့်နေတဲ့ ...
ဒီ အသပြာဆိုတဲ့  ခေါင်းစဉ်ကြီးကို
ရွံရှာစွာ ..
"တောက် "
တစ်ချက်ခေါက်ပြီး 
"ဗြစ်"  တံတွေးထွေးလိုက်ချင်တယ် ..
ခက်တာက ..
ငါလည်း ဒီအသပြာ ဆိုတဲ့ ငွေကို
လိုနေတာတော့ ခက်တယ် ...















့မြို့ပြမြိုင်ထ နှစ်ပါးခွင်

Published by မျှော်လင့်ခြင်း ကောင်းကင် under on 13:49
တစ်ခန်းရပ်
ပြဇာတ်ဆိုရင်လည်း ..
ပြည်ဖုံးကားသာ
ချလိုက်ချင်ပါတော့တယ် ။

ဘ၀ ဆိုတာကလည်း
သူ့အကန့်နဲ့ .. သူ
ခွေးသွားစိပ်တွေနဲ့
လည်ပတ်နေသလိုမျိုး
နှာစေး .. ချောင်းဆိုးဖို့တောင်
အချိန်မရတော့
ခက်တယ် ။

ချစ်သူ ဆိုတာကလည်း
သူ့အကြောင်းနဲ့ .. သူ

အိပ်မက်တွေ ထဲ
မျက်ဖြူလန်နေသလိုမျိုး
( စီးပွားရေးတိုးရှာနေရလို့ )
ချိန်းတွေ့ ခိုးနမ်းဖို့တောင်
အချိန်မပေးနိုင်တော့
ခက်တယ် ။

လောက ဆိုတာကလည်း
သူ့လှည့်ကွက်နဲ့ .. သူ
မာယာ အပေါင်းနဲ့
ခညောင်းနေသလိုမျိုး
(တန်ဖိုးများလွန်းတဲ့
ဇိမ်ခံကားကြီးတွေနဲ့ )
လက်ယပ်ခေါ်ကမ်းလှမ်း ဖို့ရာ
အသပြာမရှိတော့

ရှက်တယ် .. ။
(မောင်လှမျိုး)

နှစ်သစ်ကူးးးးးးးးးးးးးး

Published by loverain under on 09:25
သင်္ကြန်ရောက်ပြီ.............
သူများပြောလို့သာ လိုက်ပြောရတယ်
ဘယ်မှာလဲသင်္ကြန် အငွေ့ အသက်
သင်္ကြန်တေးသံ.......
သင်္ကြန်စာ...............
သင်္ကြန်အကတွေ............
သင်္ကြန်ေ၇ဆို ဝေလာဝေးးးးးးးးးးးး
ပိတောက်ပန်းတောင် အနံခံလို့မရ
ပုံကလေးနဲံ့ ဖြေသိမ့်ရတဲ့ဘဝ
သင်္ကြန် ငိုချင်းတောင် ချလို့ရတော့မယ်

အလွမ်းများ

Published by loverain under on 07:15



လွမ်းမိ
မင်းနဲ့ဆုံခဲ့တဲ့ အချိန်တွေ
မင်းနဲ့ဝေးနေတဲ့အချိန်တွေ
မင်းနဲ့မတွေ့ဆုံသေးမီအချိန်တွေ။ ။



မောင် ဖတ်ဖို့

သူငယ်ချင်းသို့

Published by loverain under on 08:25

မထင်မှတ်ပဲ တွေ့ဆုံခဲ့တယ်

မှတ်မှတ်ရရပါပဲ ပျော်ရွှင်ဖူးခဲ့တယ်

မထင်မှတ်ပဲ ခွဲခွာသွားပြန်တယ်

တသက်စာပါပဲ အမှတ်တရတွေ ကျန်ခဲ့တယ်

တွေ့ဆုံချိန်တွေ ကုန်လွယ်တယ်ထင်ခဲ့ပေမယ့်

ထွက်ခွာချိန်က ပိုမြန်လွန်းလှတယ်။။။။။။။။။။။။။။။

ကဗျာတွေလည်းအတူရေးဘူးတယ်

ပေါက်တတ်ကရတွေလည်း အတူလုပ်ဘူးတယ်

သူဋ္ဌေးတွေလိုလည်း အတူနေခဲ့ကြဘူးတယ်

ဆင်းရဲလွန်းလို့ ထမင်းမစားပဲလဲ နေခဲ့ကြဘူးတယ်

ပြန်တွေးရင် လွန်းစရာတွေ ထပ်ထပ်နေလို့.................

လွန်းစရာတွေက မတွေးလည်း ထပ်ထပ်လာနေလို့

အဲဒါနဲ့ပဲ ပတ်ချာလည်

နင်မရှိတော့တဲ့ ငါ့ဘဝ................

ဘာမှတော့မဖြစ်သွားပေမယ့် ရင်ထဲမှာတော့ တသသပါပဲ

မဖြေနိုင်တဲ့ အတွေးတွေနဲ့ ငါဖြေသိမ့်နေရပေမယ့်

ဖြေသိမ့်နိုင်မယ်လို့တော့ မထင်ပါနဲ့ သူငယ်ချင်း

အင်းးးးးးးးးးးးးးးးးးး

ဒီချိန်ဆို နင်ကတော့ ငါပြောတာ တွေ နားမလည်တဲ့ ဘုံဘဝကနေ

ငါ့ကိုများမျက်စိနောက်နေမလား...............
မသေချာတာတွေ သိပ်များတဲ့ ဘဝကြီးမှာ
သေချာတာတစ်ခုကတော့
တစ်နေ့ကျရင် ငါ့ကိုလည်း နင့်လိုပဲ တစ်ခြားလူတွေက လွမ်းကြအုန်းမှာနော်
အဲဒီ့အချိန်ကျရင်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
အဲဒီ့အချိန်ကျရင်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ငါကတော့------------------------------


ရီလေတီဗီတ

Published by မျှော်လင့်ခြင်း ကောင်းကင် under on 07:42

အရင်လိုပါပဲ....
ထွက်နေကျ နေကထွက်လာတော့

ရောက်နေကျ ဒီမနက်ပဲ

ရုပ်ကြီးဖျက်ပြီးရောက်လာတယ် (သိတာပေါ့)

ကြားနေကျ အသံတွေနဲ့အတူ

နိုးနေကျအတိုင်းပဲ နိုးလာခဲ့...

လုပ်နေကျ အလုပ်တွေ လုပ်နေရင်း

သတိရနေကျ နာမည်တစ်ခု

နှုတ်ခမ်းဝ..ရောက်..အ..လာ..

အဲ့ဒီ့မှာ ဂြိုဟ်ပတ်လမ်းတွေ စ လွဲတော့တာပဲ.....။



မင်းမှမရှိတော့တာ..

ကြိုး ခဏ ခဏ ပြတ်လွန်းတဲ့ ဂစ်တာကိုပဲ

တူနဲ့ရိုက်ပြီး ဆုံးမမယ်

ကီးတစ်လုံးလဲပြီး

ကြိုးတစ်စုံပြောင်းတပ်တယ်

ဒါပဲ...

မနက်ဖြန်မှာ မင်းအတွက် သီချင်းတစ်ပုဒ်ပေါ့



မင်းကိုလွမ်းတဲ့ အလွမ်း

ဘယ်လိုများကြမ်းရပါ့

ဂရေဟမ်ဘဲလ် လဲမတတ်နိုင်

ဘီလ်ဂိတ်ကြီးလဲ ငုတ်တုတ်ကြီးမှိုင် လို့..

မင်းဆီအရောက်လာဖို့

ကားလ်ဘင့်ဇ် ကိုစီးရမလား

ဂျော့ခ်ျ စတီဗင်ဆင် ကိုစီးရမလား..

စဉ်းစားရကျပ်တယ်..

ရိုက်ညီနောင် ကိုမျက်စပစ်တော့..

"တန်ရာ တန်ရာ ပေါ့ကွာ " တဲ့

" အနူဖင်နဲ့ ရွှေယဉ်မစီးချင်စမ်းပါနဲ့" တဲ့

ကဲ...အိုင်းစတိုင်း ရေ..

ခင်ဗျား ရီလေတီဗီတီ ကြီးနဲ့ပဲ

အချိန်တွေကို နောက်ပြန်ရွှေ့ပေးစမ်းပါတော့.....။




မူရင်း စာဆိုရော ဆော်တီးပဲဗျာ .. အမည်မဖေါ်ပြနိုင်လို့  .. )