သူငယ်ချင်းသို့
Published by loverain under on 08:25
မထင်မှတ်ပဲ တွေ့ဆုံခဲ့တယ်
မှတ်မှတ်ရရပါပဲ ပျော်ရွှင်ဖူးခဲ့တယ်
မထင်မှတ်ပဲ ခွဲခွာသွားပြန်တယ်
တသက်စာပါပဲ အမှတ်တရတွေ ကျန်ခဲ့တယ်
တွေ့ဆုံချိန်တွေ ကုန်လွယ်တယ်ထင်ခဲ့ပေမယ့်
ထွက်ခွာချိန်က ပိုမြန်လွန်းလှတယ်။။။။။။။။။။။။။။။
ကဗျာတွေလည်းအတူရေးဘူးတယ်
ပေါက်တတ်ကရတွေလည်း အတူလုပ်ဘူးတယ်
သူဋ္ဌေးတွေလိုလည်း အတူနေခဲ့ကြဘူးတယ်
ဆင်းရဲလွန်းလို့ ထမင်းမစားပဲလဲ နေခဲ့ကြဘူးတယ်
ပြန်တွေးရင် လွန်းစရာတွေ ထပ်ထပ်နေလို့.................
လွန်းစရာတွေက မတွေးလည်း ထပ်ထပ်လာနေလို့
အဲဒါနဲ့ပဲ ပတ်ချာလည်
နင်မရှိတော့တဲ့ ငါ့ဘဝ................
ဘာမှတော့မဖြစ်သွားပေမယ့် ရင်ထဲမှာတော့ တသသပါပဲ
မဖြေနိုင်တဲ့ အတွေးတွေနဲ့ ငါဖြေသိမ့်နေရပေမယ့်
ဖြေသိမ့်နိုင်မယ်လို့တော့ မထင်ပါနဲ့ သူငယ်ချင်း
အင်းးးးးးးးးးးးးးးးးးး
ဒီချိန်ဆို နင်ကတော့ ငါပြောတာ တွေ နားမလည်တဲ့ ဘုံဘဝကနေ
ငါ့ကိုများမျက်စိနောက်နေမလား...............
မသေချာတာတွေ သိပ်များတဲ့ ဘဝကြီးမှာ
သေချာတာတစ်ခုကတော့
တစ်နေ့ကျရင် ငါ့ကိုလည်း နင့်လိုပဲ တစ်ခြားလူတွေက လွမ်းကြအုန်းမှာနော်
အဲဒီ့အချိန်ကျရင်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
အဲဒီ့အချိန်ကျရင်၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ငါကတော့------------------------------
0 comments:
Post a Comment