မျှော်လင့်ခြင်း ကောင်းကင်

ကိုဦး

ရီလေတီဗီတ

Published by မျှော်လင့်ခြင်း ကောင်းကင် under on 07:42

အရင်လိုပါပဲ....
ထွက်နေကျ နေကထွက်လာတော့

ရောက်နေကျ ဒီမနက်ပဲ

ရုပ်ကြီးဖျက်ပြီးရောက်လာတယ် (သိတာပေါ့)

ကြားနေကျ အသံတွေနဲ့အတူ

နိုးနေကျအတိုင်းပဲ နိုးလာခဲ့...

လုပ်နေကျ အလုပ်တွေ လုပ်နေရင်း

သတိရနေကျ နာမည်တစ်ခု

နှုတ်ခမ်းဝ..ရောက်..အ..လာ..

အဲ့ဒီ့မှာ ဂြိုဟ်ပတ်လမ်းတွေ စ လွဲတော့တာပဲ.....။



မင်းမှမရှိတော့တာ..

ကြိုး ခဏ ခဏ ပြတ်လွန်းတဲ့ ဂစ်တာကိုပဲ

တူနဲ့ရိုက်ပြီး ဆုံးမမယ်

ကီးတစ်လုံးလဲပြီး

ကြိုးတစ်စုံပြောင်းတပ်တယ်

ဒါပဲ...

မနက်ဖြန်မှာ မင်းအတွက် သီချင်းတစ်ပုဒ်ပေါ့



မင်းကိုလွမ်းတဲ့ အလွမ်း

ဘယ်လိုများကြမ်းရပါ့

ဂရေဟမ်ဘဲလ် လဲမတတ်နိုင်

ဘီလ်ဂိတ်ကြီးလဲ ငုတ်တုတ်ကြီးမှိုင် လို့..

မင်းဆီအရောက်လာဖို့

ကားလ်ဘင့်ဇ် ကိုစီးရမလား

ဂျော့ခ်ျ စတီဗင်ဆင် ကိုစီးရမလား..

စဉ်းစားရကျပ်တယ်..

ရိုက်ညီနောင် ကိုမျက်စပစ်တော့..

"တန်ရာ တန်ရာ ပေါ့ကွာ " တဲ့

" အနူဖင်နဲ့ ရွှေယဉ်မစီးချင်စမ်းပါနဲ့" တဲ့

ကဲ...အိုင်းစတိုင်း ရေ..

ခင်ဗျား ရီလေတီဗီတီ ကြီးနဲ့ပဲ

အချိန်တွေကို နောက်ပြန်ရွှေ့ပေးစမ်းပါတော့.....။




မူရင်း စာဆိုရော ဆော်တီးပဲဗျာ .. အမည်မဖေါ်ပြနိုင်လို့  .. )

0 comments:

Post a Comment