လူနှစ်ယောက်ရဲ့ နှင်းဆီဝါ ပုံပြင်
Published by မျှော်လင့်ခြင်း ကောင်းကင် under ကဗျာ on 07:22
ကံကြမ္မာ ဟာ လူယဉ်ကျေးတို့ ၀တ်စုံနဲ့ အခန့်သား
ငါတို့ စုံတွဲသီချင်းကို
သံပြိုင် ပိုဒ် မှာ ရပ်ပစ်ဖို့
အလစ်ချောင်းလို့
ခွဲခွါခြင်းဟာ
ငါတို့ ပုဝါ တစ်ကမ်းမှာ
အချက်ပေး အော်မြည်နေပြီ ။
မနာလိုစိတ်နဲ့ နေရောင်လို လက်နေတဲ့ ရယ်သံတွေ
သူစိမ်းတွေ ရဲ့ ညှော်နံ့ထွက်နေတဲ့ အတင်းအဖျင်းတွေ
ချစ်ခြင်းကို
ရုပ်ရှင်ကြည့်တဲ့ မျက်လုံးမျိုးနဲ့ မမြင် နိုင်ဘူး။
ငါတို့ အနမ်းနဲ့ ပွင့် တဲ့ အ၀ါရောင်နှင်းဆီ
ချစ်ခြင်းမေတ္တာ ဟာ ငါတို့ အပြင်
ဘယ်သူမှ မသိတဲ့ သစ္စာ
အဲဒီ လို အမှန်တရားနဲ့  အတူ
ဝေးသွားရမှာလား
ငါတို့ မေးတယ်
ငါတို့ မေးတော့
ငါ တို့ ကြေကွဲရတယ်
ငါ တို့ နှုတ်ခမ်းတွေ ပြာနှမ်း
ရမ္မက် စိတ်ဟာ
ငါတို့ အသွေးအသား ထဲ တဆက်ဆက် တုန်ခါလို့
ဝမ်းနည်းကြေကွဲ မှု ရဲ့ အကြောအခြင်တွေကို
တရားနဲ့ ဖြေလျှော့
ငါတို့ ပုံပြင် ကို
ဆုတောင်းစကားနဲ့ ပဲ
ဇာတ်မျှောထားခဲ့ကြတယ် ....။
ငါတို့ စုံတွဲသီချင်းကို
သံပြိုင် ပိုဒ် မှာ ရပ်ပစ်ဖို့
အလစ်ချောင်းလို့
ခွဲခွါခြင်းဟာ
ငါတို့ ပုဝါ တစ်ကမ်းမှာ
အချက်ပေး အော်မြည်နေပြီ ။
မနာလိုစိတ်နဲ့ နေရောင်လို လက်နေတဲ့ ရယ်သံတွေ
သူစိမ်းတွေ ရဲ့ ညှော်နံ့ထွက်နေတဲ့ အတင်းအဖျင်းတွေ
ချစ်ခြင်းကို
ရုပ်ရှင်ကြည့်တဲ့ မျက်လုံးမျိုးနဲ့ မမြင် နိုင်ဘူး။
ငါတို့ အနမ်းနဲ့ ပွင့် တဲ့ အ၀ါရောင်နှင်းဆီ
ချစ်ခြင်းမေတ္တာ ဟာ ငါတို့ အပြင်
ဘယ်သူမှ မသိတဲ့ သစ္စာ
အဲဒီ လို အမှန်တရားနဲ့  အတူ
ဝေးသွားရမှာလား
ငါတို့ မေးတယ်
ငါတို့ မေးတော့
ငါ တို့ ကြေကွဲရတယ်
ငါ တို့ နှုတ်ခမ်းတွေ ပြာနှမ်း
ရမ္မက် စိတ်ဟာ
ငါတို့ အသွေးအသား ထဲ တဆက်ဆက် တုန်ခါလို့
ဝမ်းနည်းကြေကွဲ မှု ရဲ့ အကြောအခြင်တွေကို
တရားနဲ့ ဖြေလျှော့
ငါတို့ ပုံပြင် ကို
ဆုတောင်းစကားနဲ့ ပဲ
ဇာတ်မျှောထားခဲ့ကြတယ် ....။
0 comments:
Post a Comment