မိတ်ဆက်
Published by မျှော်လင့်ခြင်း ကောင်းကင် under ထွေရာလေးပါး on 07:46
ကျွန်တော် ဘလော့ရဲ့ အမည်လေး အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ခဲ့ တာကြာပါပြီ ....
ခုလည်း အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် ရောက်ရှိလာချင်ပေါ့ ....
ခုတော့ ကျွန်တော်မှာ ရှိအရမ်းချစ်ဖို့ကောင်းတဲ့  ချစ်သူ မမ တစ်ယောက်ရှိနေပြီ ဗျ .....
ခုလည်း ဒီဘလော့လေး ချစ်သူများနေ့  လက်ဆောင်ပေးဖို့  သူအတွက် ကျွန်တော်လုပ်ခဲ့ တာပါ ....
အခြားနာမည်တွေထက် အရင်ဘလော့နာမည်လေးပဲ စိတ်ထဲမှာ နှစ်သက်မိလို့  ပြန်ပေးခဲ့ တာပါ .....
လောလောဆယ်တော့ ကျွန်တော် ချစ်သူအကြောင်း ကြွားလိုက်အုန်းမယ် ဗျာ ....
ကျွန်တော် ချစ်သူနာမည် ရှဥ့်ငပေါတဲ့  .. တွေ့ လားဘယ်လောက် ကဗျာဆန်တုန်း .. သူက ကျွန်တော်ကို ချစ်စနိုးနဲ့ ပြန်ခေါ်တဲ့ .. ကြွက်စုတ်တဲ့ .. :D (အဲဒီလောက်ချစ်ကြတာ .. ဟဲဟဲ ...)
ကျွန်တော်ထက်ကြီးပင်မယ့် .. အမြဲတမ်း သူပဲ အငယ်လုပ်ချင်သူပေါ့ .. (ဘယ်ရမလည်း အကိုကြီးလုပ်ခိုင်းလို့ ကတော့ .. တုတ်ဆောင်ထားပြီးသား .... ငှဲငှဲ .. သိတယ်ဟုတ် .. )
အဲ.. တစ်ရက်မတွေ့ ရမနေနိုင်သလို ရန်မဖြစ်ရရင်လည်း မနေနိုင်ဝူး ဗျ .....
ရန်ဖြစ်လို့  ချော့မယ်မထင်နဲ့ နော် ..... (စိတ်ဆိုးတာတောင် စိတ်ဆိုးနေတယ်ဗျာ .. ခုချော့ ဆိုမှ ချော့ တာ .. ဟီးဟီး .. ) ဘာပဲဖြစ်ဖြစ် ..ကျွန်တော် ချစ်သူကတော့ လေးဖြူသီချင်းထဲက လို့  .... ငွေလမင်းဆိုလည်း ... သူပါပဲ .. ဟန်ထွန်း ပြောသလို့  သူအချစ်က သိပ်လိုတယ် ဆိုတာလည်း မျိုးလည်း ... ကျွန်တော်အတွက်တော့ အမှန်ပဲ ..
(ကျွန်တော်များ ကိုလေးဖြူနဲ့ ကိုဟန်ထွန်းက စောင်းဆိုထားလား မသိဝူး .. :P )
ခုတော့ ကျွန်တော် လွမ်းနေရတယ်ဗျာ .... မတွေ့ ရတာ ကြာပြီ ဗျ ..နောက်ထက် ဘယ်လောက်မတွေ့
ပဲနေရအုန်း မလည်း မသိဝူး .. ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ချစ်သူ အခုပျော်နေတယ် ဆိုတာတော့ သေခြာတယ် ..
ဘာပဲဖြစ်ဖြစ် သူ့ ပျော်တယ်ဆိုတော့ လည်း .. ကျွန်တော် လွမ်းရကျိုးနပ်တာပေါ့ ဗျာ ..
ခုတော့ ဘုရားခန်းပြေးလိုက်အုန်းမယ် .....
(မှတ်ချက်။ နဲနဲ လေးမြှောက်ထားတာ ...ဒါမှ ဒီထက်ဆိုးလို့ ရမှာ .... )

0 comments:
Post a Comment